၆ နိုဝင်ဘာ
အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာပြည်နယ် ကန်ဒါဟာမြို့၌ ယနေ့တွင် ရဲကားတစ်စီး လမ်းဘေးဗုံးထိမှန်ပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျမ်လာဘာရစ်ဇိုင်း က ပြောကြားခဲ့သည်။
အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုစတင်လုပ်ဆောင်နေသည်ဟု ဘာရစ်ဇိုင်းက ဆိုသည်။
၎င်းက ထိုဖြစ်ရပ်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုမူ ပြောကြားခြင်းမရှိခဲ့ပေ။
ကန်ဒါဟာဒေသသည် ယခင်က တာလီဘန်စစ်သွေးကြွများ၏ အမာခံနယ်မြေ ဖြစ်သည်။
ပြီးခဲ့သည့် လအနည်းငယ်က တာလီဘန်ဦးဆောင်သော စစ်သွေးကြွများ လှုပ်ရှားရာနေရာလည်းဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို