၆ နိုဝင်ဘာ

နယူးဇီလန် ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန် ဟာ  ဝန်ကြီးချုပ်သက်တမ်း ဒုတိယအကြိမ် ထမ်းဆောင်ရန် အတွက် ကျမ်းသစ္စာကို ဒီနေ့(သောကြာနေ့) မှာ ကျိန်ဆိုခဲ့ကြောင်း သိရပါတယ်။ 

 

အာဒန်ဟာ အောက်တိုဘာ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပြီး ဒီနေ့မှာ အစိုးရအဖွဲ့နဲ့အတူ ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာဖြစ်ပါတယ်။

 

ဝန်ကြီးချုပ် အာဒန်ရဲ့ အစိုးရအဖွဲ့တွင် ဌာနေ တိုင်းရင်းသား မာအိုရီ တက်တူးထိုးထားတဲ့ အမျိုးသမီးတစ်ဦး ပါဝင်တာကို တွေ့ရပါတယ်။

 

ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် ကျင်းပတဲ့  နယူးဇီလန် ရွေးကောက်ပွဲမှာ လေဘာပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွင် အကြီးအကျယ်ဆုံးအောင်နိုင်မှုကို လက်ဝယ်ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ 

 

အောက်တိုဘာ ၁၇ ရက်နေ့ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်အာဒန် ဟာ ဆန္ဒမဲရဲ့ ၅၀.၀ ရာခိုင်နှုန်းကို ရရှိခဲ့ပြီး လွှတ်တော်ရဲ့ နေရာ ၁၂၀ မှာ ၆၅ နေရာ ရရှိခဲ့တာဖြစ်ပါတယ်။

 

အကြီးဆုံး အတိုက်အခံပါတီဖြစ်တဲ့ နေရှင်နယ်ပါတီဟာ အမတ်နေရာ ၃၅ နေရာကနေ ၃၃ နေရာကို လျော့ကျသွားကြောင်း သိရပါတယ်။

 

ဝန်ကြီးချုပ် အာဒန်က သူ့မှာ ပြင်ဆင်ရေးကို လုပ်ဆောင်ရန် တာဝန်ရှိပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေးနဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ထိခိုက်တဲ့ စီးပွားရေး ကို ပြန်လည် တည်ဆောက်ရေးကို ဦးစားပေးလုပ်ဆောင်မယ်လို့ သိရပါတယ်။

MDN

ကိုးကား - AFP