ရန်ကုန် ၆ နိုဝင်ဘာ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ထိုင်းနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ မြန်မာ-ထိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံး၌ ပြုလုပ်သည်။ 

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးက အွန်လိုင်းမှတစ်ဆင့် လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း တို့ထံ အလှူရှင် ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများကိုယ်စား မြန်မာ-ထိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ Mr . B Kich Aungvitulsatit က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်းများ ပေးအပ်လှူဒါန်းပြီး ဝန်ကြီးချုပ် ဦးဖြိူးမင်းသိန်းက ကျေးဇူးတင်းစကား ပြောကြားသည်။

ယနေ့ လှူဒါန်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများက ထိုင်းဘတ်ငွေ သိန်း ၅၀ ကျော်နှင့်ညီမျှသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများအား လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

(သတင်း-နေလင်း/ဓာတ်ပုံ-ဆန်းကျော်ဦး)