၆ နိုဝင်ဘာ
နယူးဇီလန်နိုင်ငံမှာ ဆေးခြောက်ကို ကျန်းမာရေးအရ တရားဝင်အသုံးပြုရန် ဆန္ဒခံယူရာမှာ ပယ်ချခံခဲ့ရကြောင်း ဒီနေ့ မဲရလဒ်တွေ ကြေညာချက်အရ သိရပါတယ်။
အောက်တိုဘာ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲနဲ့အတူ ဆေးခြောက်ကို ကျန်းမာရေးအရ တရားဝင် သုံးစွဲခွင့်ပြုရန် နဲ့ ကုသနိုင်တဲ့နည်းလမ်း မရှိတော့တဲ့ မကျန်းမာသူတွေကို မနာကျင်စေဘဲ သက်တောင့်သက်သာ သေဆုံးခွင့်ပြုရန်တို့အတွက် ဆန္ဒမဲ ကောက်ခံခဲ့ပါတယ်။
အဲဒီလို ဆန္ဒမဲကောက်ခံခဲ့ရာမှာ ကျန်းမာရေးအရ ဆေးခြောက်သုံးစွဲခွင့်ကို ၄၈ ဒသမ ၄ ရာခိုင်နှုန်းက ထောက်ခံပြီး ၅၀ ဒသမ ၇ ရာခိုင်နှုန်းက ဆန့်ကျင်ခဲ့ပါတယ်။
ကုသနိုင်တဲ့နည်းလမ်း မရှိတော့တဲ့ မကျန်းမာသူတွေကို မနာကျင်စေဘဲ သက်တောင့်သက်သာ သေဆုံးခွင့်ကိုတော့ ၆၅ ဒသမ ၁ ရာခိုင်နှုန်းက ထောက်ခံပြီး ၃၃ ဒသမ ၇ ရာခိုင်နှုန်းက ဆန့်ကျင့်ခဲ့တဲ့အတွက် နောက်နှစ် နိုဝင်ဘာလကစပြီး စတင်အသက်ဝင်လာမှာ ဖြစ်ပါတယ်။
နယူးဇီလန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကုသနိုင်တဲ့နည်းလမ်း မရှိတော့တဲ့ မကျန်းမာသူတွေကို မနာကျင်စေဘဲ သက်တောင့်သက်သာ သေဆုံးခွင့်ကို ဉပဒေအရ ခွင့်ပြုထားတဲ့ ဆဌမမြောက်နိုင်ငံအဖြစ် ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ကိုလံဘီယာ၊ လူဇင်ဘတ် နဲ့ နယ်သာလန်နိုင်ငံတို့နဲ့အတူ တွေ့ရမှာ ဖြစ်ပါတယ်။
MDN
ကိုးကား - AFP