ရန်ကုန်  ၇ နိုဝင်ဘာ

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ၂၀၁၈  ခုနှစ်အတွက်   စာပေဗိမာန် စာမူဆု၊  သုတပဒေသာ  (သိပ္ပံနှင့် အသုံးချသိပ္ပံ)   ပထမဆုရရှိသည့် စာရေးဆရာကိုတူး  (သာယာမြိုင်) “ပိုးဇာပုံနှိပ်လုပ်ငန်း  အသက်မွေးဝမ်း ကျောင်း  အတတ်ပညာ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် အဝတ်အထည်များပေါ်တွင် တံဆိပ်ရိုက်သည့် ပုံနှိပ်လုပ်ငန်း   အခြေခံမှစ၍   လက်တွေ့ ဆောင်ရွက်ပုံအဆင့်ဆင့်ကို စာဖတ် ပရိသတ်များ  နားလည်လွယ်အောင် ရေးသားတင်ပြထားပြီး      ဒီဇိုင်းမှစ၍  အရောင်ရွေးချယ်မှုများအထိ လမ်းညွှန်အကြံပေးထားသည့်အတွက် တစ်နိုင်တစ်ပိုင်    အသက်မွေးဝမ်း ကျောင်းလုပ်ငန်းအဖြစ်  လုပ်ကိုင်နေ သူများအတွက်လည်း     လက်တွေ့ အသုံးချနိုင်မည့်     စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို   ရောင်းဈေး ကျပ်  ၁၄၀၀  ဖြင့်   အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ  စာပေဗိမာန်စာအုပ် ဆိုင်   (ဖုန်း ၀၁-၂၄၉၀၃၁၊   ၀၁-၃၈၁၄၄၈၊ အမှတ် (တ-၅၅)၊ သပြေ ကုန်းဈေး၊ နေပြည်တော်ရှိ   စာပေ ဗိမာန်စာအုပ်ဆိုင်   (ဖုန်း   ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေ ဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀ ၁၈၆)နှင့်  အမြို့မြို့ရှိ   စာပေဗိမာန် ကိုယ်စားလှယ်များထံတွင်  ဆက်သွယ် ဝယ်ယူနိုင်ကြောင်းနှင့်   လက်ကား မှာယူလိုပါက   အမှတ်  ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ     စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈) သို့  ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်းစဉ်