ခေါင်လန်ဖူး   ၇   နိုဝင်ဘာ 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ မဲရုံများတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် COVID-19 ရောဂါ ကူးစက်မှုအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် အသုံးပြုရန် ပစ္စည်းများအား သက်ဆိုင်ရာမဲရုံတာဝန်ရှိသူများထံသို့ နိုဝင်ဘာ ၆ ရက် မွန်းလွဲ ၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ခွဲဝေပေးအပ်ခဲ့သည်။

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် COVID-19 ရောဂါ ကူးစက်မှုအန္တရာယ်မှ ကာကွယ်နိုင် ရေးအတွက် အကာအကွယ်ပစ္စည်းများဖြစ်သည့် kN-95 Mask ၊ PPE Cover Allများ၊ Goggle များ၊ Face Mask များ၊ Boot များ၊ Surgical Gloves များကို သက်ဆိုင်ရာ ကျေးရွာအုပ်စုများသို့ မဲရုံအရေအတွက် အလိုက် လည်းကောင်း၊ မဲဆန္ဒရှင်ပြည်သူဦးရေအလိုက် KN-95 Mask များကို ပေးအပ်သွားမည် ဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် တာဝန်ရှိသူများ၊ မဲဆန္ဒရှင်ပြည်သူများအတွက် အကာအကွယ်ပစ္စည်းများကို ပြန်လည် ခွဲဝေပေးအပ်သွားရမည် ဖြစ်ကြောင်း ခေါင်လန်ဖူးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကို၀င်းက ပြောသည်။

ငြိမ်းအိအိဖြိုး(ပြန်/ဆက်)