ကျုံပျော်   ၇   နိုဝင်ဘာ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်တွင် ကြိုတင်ဆန္ဒမဲများကို ကောက်ခံလျက်ရှိရာ နိုဝင်ဘာ ၆ ရက်အထိ ကြိုတင်ဆန္ဒမဲပေးပေးပြီးသူ ၃၀၀၀၀ ခန့်ရှိပြီဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

 

ကျုံပျော်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၁၉၀၂၉၃ ဦးရှိပြီး ရွေးကောက်ပွဲကျင်းပသည့်နေ့၌ ၁၆၀၀၀၀ ခန့် ဆန္ဒမဲပေးရန်ရှိကြောင်း၊ မြို့နယ်အတွင်း မဲရုံပေါင်း(၂၃၃)ရုံ ဆောင်ရွက်ထားပြီး မဲရုံမပိတ် သိမ်းမီ မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ယခုနှစ်ရွေးကောက်ပွဲသည် ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ကာလဖြစ်သည့်အတွက် ရောဂါကူးစက်ပြန့်ပွား မှုမရှိစေရေး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ အထူးဂရုပြုဆောင်ရွက်ထားကြောင်း သိရသည်။

 

ကျုံပျော်တွင် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ (၉)ခု ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၉)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၅)ဦး၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် (၈)ဦး၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် (၈) ဦး၊ ကရင် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် (၆)ဦးနှင့် ရခိုင်တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ် (၅)ဦးတို့ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

နေဝင်းမြင့်(ကျုံပျော်)