လားရှိုး ၇ နိုဝင်ဘာ
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် နေထိုင်ရာရပ်ကွက်ဖြစ်သော ရပ်ကွက်(၁၀)၊ ရပ်ကွက်ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံး မဲရုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လားရှိုးမြို့၌ နိုဝင်ဘာ ၇ ရက် နံနက် ၁၀ နာရီက ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။
လားရှိုးမြို့နယ်အနေဖြင့် ရပ်ကွက်(၁၂)ရပ်ကွက်၊ ကျေးရွာ(၇၀)နှင့် မဲရုံပေါင်း (၁၄၅)ရုံ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကာ မဲရုံ(၅)ရုံမှာ ကျင်းပပြုလုပ်ခြင်းမရှိနိုင်ကြောင်း သိရသည်။ လားရှိုးမြို့နယ် တစ်ခုလုံး အနေဖြင့် ရွေးကောက်ပွဲကော်မရှင်က တတိယအကြိမ် ကြေညာချက်များအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၂၀၃၉၉)ဦးရှိနေပြီး ပါတီ(၉)ခုမှ ကိုယ်စားလှယ်(၃၇)ဦး လွှတ်တော်အသီးသီးမှ ပါဝင်ယှဉ်ပြိုင်ကြ ကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)


