ကလေးဝ  ၇  နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု ၃၉ အုပ်စုရှိ မဲရုံပေါင်း ၆၉ ရုံအား မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိပြီးကြောင်း သိရသည်။

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး၊ လူစုလူဝေး မဖြစ်ပေါ်စေရေး၊ မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးတို့အတွက် စီစဉ်ဆောင်ရွက် ထားရှိမှုအား မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိအကြီးအကဲများက ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာန၏ ညွှန်ကြားနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိကို ကွင်းဆင်း၍ စစ်ဆေးကြည့်ရှုပြီး ဖြစ်ကြောင်း သိရသည်။

 

သက်ဟန်(ကလေးဝ)