သာပေါင်း ၇  နို၀င်ဘာ 

ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် အဘရသီဝံ ရွှေကျင်တိုက်သစ်ကျောင်း၊ လမင်းတစ်ရာ ဘတ်စုံပရဟိတ ဆရာတော်ဥူးစန္ဒာသီရိနှင့် အလှူရှင် ၉ ဦးတို့က သာပေါင်းမြို့နယ်၊ တောင်ကလေးကျေးရွာအုပ်စုရှိ အိမ်ထောင်စု ၂၁၅ စုတို့အား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ခဲ့သည်။

သာပေါင်းမြို့နယ်၊ တောင်ကလေးကျေးရွာအုပ်စု၊ မြောက်ပန်းကုန်းကျေးရွာရှိ အိမ်ထောင်စု ၁၇၅ စုနှင့် ဘန့်ဘွေးကုန်းကျေးရွာရှိ အိမ်ထောင်စု ၄၀ တို့အတွက် တစ်အိမ်ထောင်လျှင် ဆန်လေးပြည်၊ ဆီတစ်လီတာ၊ ကြက်သွန်နီ ၅၀ ကျပ်သားတို့ကို ကိုဗစ်-၁၉ ကာလ စားသောက်ရေး အဆင်ပြေစေရေးတို့အတွက် ကျေးရွာအရောက် လာရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)