ချောက်    နိုဝင်ဘာ

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အ‌ထွေထွေရွေးကောက်ပွဲ မဲဆန္ဒများ စတင်ပေးခြင်းအား နိုဝင်ဘာ ၈ ရက် နံနက် ၆ နာရီ အချိန်က ပြည်သူများမဲဆန္ဒပေးခြင်းကို ရပ်ကွက်၊​ကျေးရွာတို့တွင် မိမိသတ်မှတ်ထားရာ မဲရုံအသီးသီး၌ မဲဆန္ဒပေးခဲ့ကြောင်း သိရသည်။

ထိုသိုပြုလုပ်ရာတွင် ချောက်မြို့နယ်အတွင်းရှိ မဲရုံများ၌ ရပ်ကွက်‌/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးမှ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် တာဝန်ရှိသူတို့က မဲပေးမည့်ပြည်သူများအား မဲရုံပရဝုဏ်အတွင်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားချက်နှင့်အညီ နှာခေါင်းစည်းတပ်ဆင်စေခြင်း၊ သတ်မှတ်အကွာဝေးတွင် နေစေခြင်း၊ မဲရုံအဝင်ဝတွင်လက်ဆေးခြင်း၊ အပူချိန်တိုင်းတာခြင်းတို့ ဆောင်ရွက်ပြီး မဲရုံအတွင်း၌ မဲဆန္ဒပေးခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ်တွင် ရပ်ကွက်(၂၀)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၁)စု စုစုပေါင်း(၇၁)အုပ်စု၊ မဲရုံ‌‌ပေါင်း(၂၅၈)ရုံ ရှိပြီး မဲဆန္ဒပေးမည့်သူ စုစုပေါင်း (၁၆၄၁၄၅)ဉီး ရှိသည်​ အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၇ ရက်ထိ ကြိုတင်ဆန္ဒမဲပေးသူ မဲဆန္ဒရှင်မှာ (၂၄၄၈၂)ဉီးရှိကြောင်း၊ မဲဆန္ဒပေးမည့်သူများသည် သတ်မှတ်ထား​သော မဲရုံအသီးသီးတွင် အောက်တိုဘာ ၈ ရက် နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ မဲဆန္ဒပေးရမည်ကြောင်း သိရသည်။

 ကျော်မိုး(ပြန်/ဆက်)

 

1

 

2

 

3‌ေ်ျ်ိ