နောင်တရား ၈ နိုဝင်ဘာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ အမှတ်(၁)ရပ်ကွက်၌ ဖွင့်လှစ်ထားသည့် မဲရုံအမှတ်(၁)တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ နံနက်(၆)နာရီမှ စတင်၍ မဲဆန္ဒရှင်ပြည်သူများ တက်ကြွစွာလာရောက် ဆန္ဒမဲပေးကြကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)