ပွင့်ဖြူ ၈ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ တတိယအကြိမ်မြောက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို မဲဆန္ဒနယ်မြေ(၂)ခုခွဲ၍ နိုဝင်ဘာ ၈ ရက်၊ ယနေ့ နံနက် ၆ နာရီမှ စတင်ကာ ကျင်းပပြုလုပ်လျက်ရှိရာ ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ မဲရုံအမှတ်(၁)တွင် ရပ်ကွက်နေပြည်သူများ က စိတ်ပါဝင်စားစွာ လာရောက် ဆန္ဒမဲများ ပေးလျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ပြန်/ဆက်)


