ရေဖြူ ၈ နိုဝင်ဘာ
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ(၄၂)ခု၌ မဲရုံများတွင် ယနေ့နံနက်ပိုင်းက မဲဆန္ဒရှင် ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲများ လာရောက်ပေးနေကြကြောင်း သိရသည်။
မဲဆန္ဒရှင် ပြည်သူများ လာရောက်မဲပေးရာတွင် ကိုဗစ်-၁၉ ကူးစက်မှုမရှိစေရေးအတွက် လက်သန့် ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာ တန်းစီစေခြင်းနှင့် စသည့်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စီစဉ် ဆောင်ရွက်ထားရှိကြောင်း၊ ဆန္ဒမဲပေးရန် မဲဆန္ဒရှင်ပြည်သူများက စနစ်တကျ တန်းစီစနစ်ဖြင့် အေးချမ်း စွာ ဆန္ဒမဲပေးလျက်ရှိသည်။
ရေဖြူမြို့နယ်အတွင်း ရပ်ကွက် /ကျေးရွာ(၄၂)ခုရှိ မဲရုံ(၁၁၄)ရုံတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၁၀၂၈၄) ဦး ရှိကြောင်း သိရသည်။
ဒေါ်ဖြူဖြူရှိန်(ရေဖြူပြန်/ဆက်)


