၈ နိုဝင်ဘာ

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းနှစ်ခုကနေ ပဋိပက္ခတွေကြောင့် ပြိုကွဲနေတဲ့ အာဖရိကရှိ ဒေသသုံးခု၊ ရီမင်နဲ့ နောက်ထပ် နေရာ ၁၆ ခု တို့မှာ အငတ်ဘေးဆိုက်ရောက်နိုင်ကြောင်း သောကြာနေ့က သတင်းထုတ်ပြန်ပါတယ်။

 

ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO) နဲ့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ရဲ့ စစ်တမ်းအရ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၊ ရာသီဉတုဆိုးရွားခြင်း နဲ့ စီးပွားရေးကျဆင်းခြင်း စတဲ့အကြောင်းအရာတွေ စုပေါင်းသွားတဲ့အတွက် အစားအစာပြတ်လပ်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။ ဘူကီနာဖာဆို၊ နိုက်ဂျီးရီးယားအနောက်အရှေ့ပိုင်း၊ ဆူဒန် တောင်ပိုင်း နဲ့ ယီမင်နိုင်ငံတို့ဟာ အငတ်ဘေးကျရောက်နိုင်တဲ့အခြေအနေမှာ ရှိကြောင်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။

 

နောက်ထပ် ၁၆ နေရာဟာလည်း အငတ်ဘေးနဲ့ရင်ဆိုင်နိုင်တဲ့အတွက် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။ အဲဒီနေရာတွေကတော့ ဗင်နီဇွဲလား၊ ဟေတီ၊ အီသီယိုးပီးယား၊ ဆိုမာလီးယား၊ ကမ်မရွန်း၊ အာဖရိက အလယ်ပိုင်း၊ မာလီ၊ နိုက်ဂျာ၊ ဆီယာရာလီယွန်း၊ ကွန်ဂို၊ မိုဇမ်ဘစ်၊ ဇင်ဘာဘွေ၊ ဆူဒန်၊ လက်ဘနွန်၊ ဆီးရီးယားနဲ့ အာဖဂန်နစ္စတန်နိုင်ငံတို့ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

 

ကွန်ဂိုနိုင်ငံတစ်နိုင်ငံတစ်နိုင်ငံထဲမှာ လူဦးရေ ၂၂ သန်းအတွက် အစားအစာ မလုံလောက်ကြောင်း ခန့်မှန်ထားပါတယ်။ ကမ္ဘာတစ်ဝန်းက ဖြစ်ပွားနေတဲ့ ကပ်ရောဂါ၊ ပြင်းထန်တဲ့ ရာသီဉရေ အပြောင်းအလဲ နဲ့ ပဋိပက္ခတွေ ဟာ အစားအစာ ပြတ်လပ်မှုကို ပိုမိုဖြစ်စေကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းနှစ်ခုက ပြောပါတယ်။ ၂၀၁၁ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဆိုမာလီးယားနိုင်ငံက အငတ်ဘေးကြောင့် လူပေါင်း ၂၆၀,၀၀၀ သေဆုံးခဲ့တဲ့အတွက် အဲဒီလို အဖြစ်အပျက်မျိုး ထပ်မဖြစ်အောင် လုပ်ဆောင်ရမှာဖြစ်ကြောင်း WFP ရဲ့ အရေးပေါ်ဌာန ဒါရိုက်တာက သတိပေးပြောကြားပါတယ်။

MDN

ကိုးကား - AFP

 

 123723486_183500658