တောင်ကြီး ၈ နိုဝင်ဘာ
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်ရှိ မဲဆန္ဒနယ်မြေအမှတ် (၁) ကို အထက(၇)မှာ ဖွင့်လှစ်ထားရှိပြီး နံနက်(၆)နာရီ မဲရုံ စတင်ဖွင့်လှစ်သည့် အချိန်မှစကာ တပ်မတော်သားများနှင့် မိသားစုဝင်များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားသည့် COVID-19 စည်းကမ်းချက်နှင့်အညီ စတင်ဆန္ဒမဲ ပေးနေကြပြီဖြစ်သည်။
အဆိုပါ မဲဆန္ဒနယ်မြေတွင် မဲရုံပေါင်း (၁၃၂)ရုံ၊ နိုင်ငံရေးပါတီ (၁၅) ပါတီမှ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်း (၆၈) ဦး ဝင်ရောက် ယှဉ်ပြိုင်ကြသည်။
#MRTV


