လှိုင်းဘွဲ ၈ နိုဝင်ဘာ
၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာ ၈ ရက်နေ့တွင် လှိုင်းဘွဲမြို့နယ် အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများသည် မဲရုံစတင်ဖွင့်လှစ်သည့် နံနက် ၆ နာရီမှစတင်၍ စနစ်တကျတန်းစီစောင့်ဆိုင်းကာ လာရောက်၍ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ မဲဆန္ဒရှင်ပြည်သူများ၊ မဲရုံမှူး၊ဒုမဲရုံမှူး၊ မဲစာရင်းစစ်ဆေးသူ၊ မဲလက်မှတ်ထုတ်ပေးသူ၊ မဲရုံတွင်တာဝန်ထမ်းဆောင်သည့် အဖွဲ့ဝင်များအနေဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ Covid -19 ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် တိကျစွာ လိုက်နာ၍ ဆန္ဒမဲပေးလျက်ရှိသည်။
လှိုင်းဘွဲမြို့နယ်အတွင်း၌ မဲဆန္ဒနယ်မြေ အမှတ်(၁)တွင် မဲရုံ(၈၂)ရုံ၊ မဲဆန္ဒနယ်မြေအမှတ်(၂)တွင် မဲရုံ(၉၄)ရုံ စုစုပေါင်း မဲရုံ(၁၇၆)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ(၂၃၉၆၂၀ ) ရှိကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


