ညောင်ရွှေ ၈ နိုဝင်ဘာ
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက် နံနက် ၆ နာရီ မှစတင်၍ ညောင်ရွှေမြို့နယ်အတွင်းရှိ မဲဆန္ဒနယ်အမှတ်(၁)နှင့် မဲဆန္ဒနယ်အမှတ်(၂)ရှိ မဲရုံအသီးသီး၌ တစ်ပြိုင်တည်း ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများက အေးချမ်းစွာဆန္ဒမဲပေးလျက်ရှိကြကြောင်း သိရှိရသည်။
ညောင်ရွှေမြို့နယ်အတွင်း မဲဆန္ဒနယ်အမှတ်(၁)၌ မဲရုံ(၇၁)ရုံ၊ မဲဆန္ဒနယ်အမှတ်(၂)၌ မဲရုံ(၇၂) ရုံ စုစုပေါင်းမဲရုံ (၁၄၃) ရုံ ဖွင့်လှစ်ထားရှိပြီး မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် (၁၃၇၅၈၃) ဦး ရှိကြောင်း သိရှိ ရသည်။
စိုင်းအယ်ဘဲ


