နမ္မတူ   ၈   နိုဝင်ဘာ

နမ္မတူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး၌ မဲဆန္ဒရှင် ပြည်သူများ စိတ်အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် နိုဝင်ဘာလ (၈)ရက်နေ့ နံနက် (၆)နာရီအချိန်က စတင်ကာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု (၂၃)အုပ်စုရှိ မဲရုံပေါင်း (၄၈)ရုံအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ တစ်ပြိုင်နက်တည်း ဖွင့်လှစ်ခဲ့ကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။ 

 

နမ္မတူမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၂၃)အုပ်စုတွင် မဲရုံပေါင်း (၄၈)ရုံရှိပြီး၊ မဲဆန္ဒနယ်အမှတ် (၁)တွင် မဲဆန္ဒရှင်ပြည်သူ (၁၅၇၇၆)ဦး၊ မဲဆန္ဒနယ်အမှတ် (၂)တွင် မဲဆန္ဒရှင်ပြည်သူ (၁၇၈၈၂)ဦးရှိပြီး စုစုပေါင်းမဲဆန္ဒရှင်ပြည်သူ (၃၃၆၅၈)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ယမင်းရွှေစင်စိုးထံက သိရှိရသည်။

လူမော် (ပြန်/ဆက်)