ချောင်းဆုံ  ၈  နိုဝင်ဘာ

 

မွန်ပြည်နယ်လွှတ်တော်ဒုဉက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးသည် ယနေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာ မဲရုံအမှတ်(၃)တွင် ဆန္ဒမဲလာရောက်ပေးခဲ့ကြောင်း သိရသည်။

 

မုဒွန်းကျေးရွာတွင် မဲရုံ (၃)ရုံရှိပြီး မဲဆန္ဒပေးပိုင်ခွင့်ရှိသူ (၆၀၄၄)ဦးရှိရာ မွန်းလွဲ ၃ နာရီအထိ မဲဆန္ဒလာရောက်ပေးသူနှင့် ကြိုတင်မဲပေးသူ စုစုပေါင်း (၃၁၃၉)ဦး မဲပေးပြီးဖြစ်ကြောင်း၊ မြို့နယ် တစ်မြို့နယ်လုံးအနေဖြင့် မဲပေးပိုင်ခွင့်ရှိသူဦးရေ (၁၃၂၅၅၂)ဦးရှိကာ မွန်းလွဲ (၂)နာရီအထိ မဲဆန္ဒလာရောက်ပေးပြီးသူ (၄၂၂၉၂)ဦး ဆန္ဒမဲပေးခဲ့ကြပြီး မဲရုံများတွင် ဆန္ဒမဲ လာရောက်ပေးသူများ စိတ်ချလုံခြုံစွာမဲပေးနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲပေးနိုင်ရေး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)