ကွတ်ခိုင် နိုဝင်ဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ မဲရုံများအနေဖြင့် ညနေ ၄ နာရီ၌ မဲရုံများပိတ်သိမ်းခဲ့ပြီး ဆန္ဒမဲများ စတင်ရေတွက်လျက်ရှိကြောင်း သိရသည်။

မဲရုံများ ပိတ်သိမ်းသည်နှင့် တစ်ပြိုင်နက်  သက်ဆိုင်ရာ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံတာဝန်ရှိသူများက လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်များ၊ မဲဆန္ဒရှင်များနှင့် စောင့်ကြည့်လေ့လာ သူများရှေ့မှောက်တွင် မဲစာရင်းများရေတွက်ရန် စတင်ခဲ့သည်။

ကွတ်ခိုင်မြို့နယ်တွင် မဲရုံ (၁၂၈)ရုံရှိပြီး မဲဆန္ဒပြုခွင့်ရှိသူ ၁၂၈၁၈၂ ဦးရှိကြောင်း သိရသည်။

ကိုမိုင်း(ပြန်/ဆက်)