ဟားခါး ၈ နိုဝင်ဘာ
ဟားခါးမြို့နယ်အတွင်းရှိ မဲရုံစုစုပေါင်း(၉၅)ရုံတွင် မဲဆန္ဒရှင်များ၏ ဆန္ဒမဲရေတွက်ခြင်းများကို ယနေ့ ညနေ ၄ နာရီ မဲရုံပိတ်သိမ်းကြောင်း ကြေညာပြီးနောက် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟားခါးမြို့နယ်အတွင်း ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း (၃၉၂၀၄)ဦး၊ မဲရုံ(၉၅)ရုံ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း(၁၇)ဦး၊ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၄)ဦး၊ ပါဝင် ယှဉ်ပြိုင်သည့် ပါတီ (၃)ပါတီ၊ မဲလုံခြုံရေးအထူးရဲ (၉၅)ဦး၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် စုစုပေါင်း(၁၁၄၀)ဦးရှိကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက် )


