ပန်းတနော် ၈ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် အရှေ့ပိုင်းရပ်ကွက် မဲရုံအမှတ် (၂)နှင့် (၃)တို့တွင် ညနေ ၄ နာရီတွင် မဲရုံးမှူးက မဲရုံပိတ်သိမ်းခဲ့ပြီး နိုင်ငံရေးပါတီကိုယ်စားလှယ်များ စောင့်ကြည့်လေ့လာ သူများရှေ့မှောက်တွင် ဆန္ဒမဲလက်မှတ်များကို ပွင့်လင်းမြင်သာစွာ ရေတွက်လျက်ရှိသည်။
ပန်းတနော်မြို့နယ်တွင် မဲရုံပေါင်း ၂၁၇ ရုံရှိပြီး ဆန္ဒမဲလက်မှတ်များကို ရေတွက်ပြီးပါက ရရှိလာသည့် မဲရလာဒ်အဖြေများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံ ပေးပို့၍ မဲရလာဒ်အဖြေများကို ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


