မြန်အောင် ၈ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ဇနီး မြန်အောင်မြို့နယ် အ.ထ.က(သပြေကုန်း) မဲရုံအမှတ် (၁)တွင် ယနေ့ နံနက် ၉ နာရီက ဆန္ဒမဲလာရောက်ပေးခဲ့သည်။
မြန်အောင်မြို့နယ်တွင် အ.ထ.က သပြေကုန်းမဲရုံ (၀၁)မှာ ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း (၂၇၇၀)ဦးရှိပြီး သပြေကုန်း ကျေးရွာအုပ်စုအတွင်း မဲရုံ(၁၅)ရုံရှိကာ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း (၁၁၇၄၉)ဦးရှိကြောင်း မြန်အောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)


