ပြည်  ၈  နိုဝင်ဘာ

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ခေတ္တရာရပ်ကွက် မဲရုံအမှတ်(၁)ကို ယနေ့ ညနေ ၄ နာရီတွင် မဲရုံမှူးက မဲရုံပိတ်သိမ်း ကြောင်းကြေညာ၍ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာသူများနှင့် အသိသက်သေများ ရှေ့မှောက်တွင်  ပွင့်လင်းမြင်သာစွာ ဆန္ဒမဲလက်မှတ်များ ရေတွက်လျက်ရှိသည်။

အဆိုပါခေတ္တရာရပ်ကွက် မဲရုံအမှတ်(၁)တွင် ဆန္ဒမဲပေးပိုင့်ခွင့်ရှိသူ စုစုပေါင်း(၁၆၄၀)ဦးရှိသည့်အနက် ကြိုတင်ဆန္ဒမဲ ပေးသူ (၂၇၂)ဦးရှိပြီး ယနေ့လာရောက်ဆန္ဒမဲပေးသူ စုစုပေါင်း (၈၈၀)ဦးဖြစ်ကြောင်း ခေတ္တရာရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကျင်သိန်းထံမှ သိရသည်။

ပြည်မြို့နယ်တွင် မဲရုံပေါင်း (၂၀၉)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၁၉၆၉၇၉)ဦးရှိကာ အဆိုပါမဲရုံများ၏ မဲရလဒ်အဖြေများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့ပေးပို့ပြီး မဲစာရင်းရလဒ်အဖြေများကို ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးကျော်ကြီး(ပြန်/ဆက်)