လှိုင်းဘွဲ   ၈  နိုဝင်ဘာ

လှိုင်းဘွဲမြို့နယ်အတွင်းရှိ  မဲရုံပေါင်း (၁၇၆)ရုံကို ယနေ့ ညနေ ၄ နာရီတွင် ပိတ်သိမ်းကြောင်း ကြေညာခဲ့ပြီး မဲဆန္ဒနယ် ပြင်ပရောက်ကြိုတင်မဲများ စတင်ရေတွက်လျက်ရှိေကြာင်း သိရသည်။

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် လှိုင်းဘွဲမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၈၅)အုပ်စု၌ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း(၂၃၉၆၂၀)ဦးရှိကြောင်း သိရသည်။ 

လှိုင်းဘွဲမြို့နယ်အတွင်း မဲရုံ(၁၇၆)ရုံတွင် နိုင်ငံရေးပါတီ (၉)ပါတီ၌ လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း (၃၆)ဦး၊ တစ်သီပုဂ္ဂလ ကိုယ်စားလှယ်လောင်း (၁၁)ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း (၄၇)ဦး၊ တစ်သီးပုဂ္ဂလတို့မှ ပါဝင်ယှဉ်ပြိုင်ကြပြီး၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များက ညနေ ၄ နာရီတွင် မဲရုံပိတ်သိမ်းကြောင်း ကြေညာပြီး နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာသူများ ရှေ့မှောက်တွင် ဆန္ဒမဲလက်မှတ်များကို ပွင့်လင်းမြင်သာစွာ ရေတွက်လျက်ရှိကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)