ရွှေကျင်  ၈  နိုဝင်ဘာ

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် ယနေ့ ညနေ ၄ နာရီတွင် မဲရုံများပိတ်သိမ်း၍ တာဝန်ရှိသူများက ဆန္ဒမဲလက်မှတ်များကို ပွင့်လင်းမြင်သာစွာ ရေတွက်လျက်ရှိကြောင်း သိရသည်။

ရွှေကျင်မြို့နယ်အတွင်း ရပ်ကွက် (၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၀)အုပ်စုအတွင်း မဲရုံ(၇၄)ရုံထားရှိပြီး မဲဆန္ဒရှင် (၇၇၁၃၇)ဦးရှိရာမှ ကြိုတင်ဆန္ဒမဲပေးသူ (၁၂၈၈၇)ရှိရာ ယနေ့တွင် မဲဆန္ဒရှင် (၆၄၂၅၀)ဦး လာရောက်ဆန္ဒမဲ ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)