ကဝ  ၈  နိုဝင်ဘာ

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်တွင် ယနေ့ ညနေ ၄ နာရီအထိ ဆန္ဒမဲပေးမှုအောင်မြင်စွာပြီးစီးခဲ့ပြီး ဆန္ဒမဲလက်မှတ်များကို တာဝန်ရှိသူများက ရွေးကောက်ခံပါတီများ၊ စောင့်ကြည့်လေ့လာသူများရှေ့တွင် ပွင့်လင်းမြင်သာစွာဖြင့် ရေတွက်လျက်ရှိသည်။

ကဝမြို့နယ်တွင် ရပ်ကွက်(၁၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၉၁)အုပ်စု၊ မဲရုံပေါင်း (၁၆၉)ရုံ ဖွင့်လှစ်ထားရှိပြီး မဲဆန္ဒရှင် (၁၅၈၆၅၁)ဉီးရှိပြီး  ယနေ့ နံနက် ၆ နာရီမှစတင်ကာ သက်ဆိုင်ရာ မဲရုံများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ လွတ်လပ်စွာဆန္ဒမဲပေးခဲ့ကြသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)