ပုသိမ် ၈ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၄) ရပ်ကွက်ရှိ မဲရုံ (၃) ရုံတွင် ဆန္ဒမဲလက်မှတ်များ ရေတွက်ခြင်းကို မဲရုံပိတ်သိမ်းပြီးသည့် ညနေ ၄ နာရီနောက်ပိုင်းတွင် မဲရုံအတွင်း သက်ဆိုင်ရာပါတီကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာသူများရှေ့တွင် တာဝန်ရှိသူများက ပွင့်လင်းမြင်သာစွာ ရေတွက်ခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့အမှတ် (၄) ရပ်ကွက်၌ ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ (၁၀) ပါတီရှိပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၈) ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၄) ဦး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း (၁၀) ဦး၊ ကရင်တိုင်းရင်းသားကိုယ်စားလှယ် (၅) ဦးနှင့် ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ် (၄) ဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း (၁)ဦး တို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
#MRTV


