ချင်းပြည်နယ်  ၈  နိုဝင်ဘာ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ပေးပို့ထားသည့် ကြိုတင်ဆန္ဒမဲ လက်မှတ်များကို ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ရေတွက်ခဲ့ကြောင်း သိရသည်။

ဖလမ်းမြို့နယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၉၈) ဦးရှိသည့်အနက် ဖလမ်းမြို့တွင် ပေးပို့ရောက်ရှိလာသည့် ကြိုတင်ဆန္ဒမဲလက်မှတ် (၁၃၄)ခုရှိပြီး ပေးပို့ရရှိသည့် မဲလက်မှတ်များကို ပွင့်လင်းမြင်သာစွာ ရေတွက်ခဲ့ကြောင်း သိရသည်။

အလားတူ ဖလမ်းမြို့ရှိ မဲရုံအသီးသီးတွင် ညနေ ၄ နာရီ မဲရုံများပိတ်သိမ်းချိန်မှစတင်ကာ မဲရေတွက်မှုကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖလမ်းမြို့နယ်တွင် နိုင်ငံရေးပါတီ (၃)ပါတီနှင့် တစ်သီးပုဂ္ဂလ (၂)ဦးအပါအဝင် ကိုယ်စားလှယ်လောင်း (၁၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

#MRTV