ရေကြည်   ၈  နိုဝင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခြင်းကို ယနေ့ နံနက် ၆ နာရီမှစတင်၍ သက်ဆိုင်ရာ မဲရုံအသီးသီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ လာရောက် ဆန္ဒမဲပေးခဲ့ကြပြီး ညနေ ၄ နာရီ မဲရုံပိတ်သိမ်းချိန်တွင် မဲလက်မှတ်ရေတွက်ခြင်းကို မဲရုံမှူးများ၊ မဲရုံကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ စောင့်ကြည့်လေ့လာသူများရှေ့တွင် ရေတွက်ခဲ့ကြောင်း သိရသည်။

အောင်သူဟန် (ပြန်/ဆက်)