ဂန့်ဂေါ  ၉  နိုဝင်ဘာ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မြန်မာနိုင်ငံတစ်ဝှမ်းလုံး နိုဝင်ဘာ ၈ ရက်နေ့ နံနက် ၆ နာရီမှ စတင်ကျင်းပလျက်ရှိရာ ဂန့်ဂေါမြို့နယ်အတွင်းရှိ မဲရုံ(၁၈၃)ရုံတွင် ညနေ ၄ နာရီအချိန်၌ မဲရုံများပိတ်သိမ်း၍ ဆန္ဒမဲပေးမှု အောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရသည်။

 

ထို့နောက် မဲရုံများပိတ်သိမ်းပြီးအချိန်တွင် နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ စောင့်ကြည့် လေ့လာသူများနှင့် မျက်မြင် အသိသက်သေများရှေ့တွင် ပွင့်လင်းမြင်သာစွာ ဆန္ဒမဲလက်မှတ်များ ရေတွက်လျက်ရှိပြီး ဂန့်ဂေါမြို့နယ်အတွင်း ဆန္ဒမဲပေးခွင့်ရှိသူ ၁၀၉၃၁၅ ဦးရှိရာ အသက် ၆၀ နှစ်အထက် ကြိုတင်ဆန္ဒမဲ ၂၀၀၁၇ ဦး၊ နိုင်ငံခြားကြိုတင်ဆန္ဒမဲ၊ တပ်ရင်းတပ်ဖွဲ့(၃)ခုမှ ကြိုတင်ဆန္ဒမဲနှင့် ပုံစံ-၁၅ မဲဆန္ဒနယ်ပြင်ပကြိုတင်ဆန္ဒမဲ ၃၃၇ ဦးရှိကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)