၉  နိုဝင်ဘာ

ပင်နယ်တီလွဲချော်မှု သုံးကြိမ် ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီးနောက် မိမိအနေနဲ့ အေစီမီလန်အတွက် ပင်နယ်တီကန်သွင်းမှု တာဝန်ကို အခြားကစားသမား တစ်ယောက်ဆီသာ လွှဲပြောင်း ပေးအပ်တော့မှာဖြစ်ကြောင်း ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ချ်က ဆိုလိုက်ပါတယ်။  ဗီရိုနာနဲ့ ပွဲမှာ  ပွဲကစားချိန် ၆၅ မိနစ်အရောက်မှာ ပင်နယ်တီရရှိခဲ့ပေမယ့် အီဗရာဟီမိုဗစ်ချ် လွဲချော်ခဲ့ပါတယ်။  ဒါပေမယ့် မိုဗစ်ချ်ဟာ နာကျင်အချိန်ပိုမှာ   မီလန်အသင်းကို သရေ တစ်မှတ် ရရှိစေမယ့် ချေပဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။

 

မိုဗစ်ချ်က သူ့အနေနဲ့ အခုလို ပင်နယ်တီလွဲချော်ခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်ခဲ့ရကြောင်းကို “ကျွန်တော် ဒေါသထွက်ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ အသင်းအတွက် ကျွန်တော့်အနေနဲ့ လုံလောက်အောင် မကောင်းမွန်ခဲ့လို့ပါ။  နောက်ပိုင်းမှာတော့  ကက်စ်ဆီကို ပင်နယ်တီကန်တဲ့ တာဝန်ကို လွှဲပြောင်းပေးချင်ပါတယ်။  ဒါကအသင်းအတွက် ပိုကောင်းပါလိမ့်မယ် လို့ ဆိုခဲ့ပါတယ်။

 

အီဗရာဟီမိုဗစ်ချ်ဟာ လက်ရှိမှာ အသက် (၃၉)နှစ် ရှိနေပြီဖြစ်ပြီး  နောက်ဆုံး ပင်နယ်တီ ခြောက်ကြိမ် ကန်သွင်းမှု ပြုရာမှာ  နှစ်ကြိမ်သာဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

မေလဲ့သင်း