မင်းတပ်  ၉  နိုဝင်ဘာ

မတူပီမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ညနေ (၄)နာရီနောက်ပိုင်း မဲရုံများ ပိတ်သိမ်းပြီး မဲရုံရေတွက်ပြီးစီးသည့် မဲရုံများမှ မဲပုံးများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ အသီးသီးပို့ဆောင်ခဲ့ကြရာ မတူပီမြို့နယ်တွင် နိုဝင်ဘာလ(၉)ရက်၊ နံနက်(၁၁)နာရီအထိ မဲရုံ(၁၅၀)ရုံအနက် မဲရုံ(၁၂၆)ရုံသာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့ ရောက်ရှိလာသေးကြောင်း သိရသည်။

 

မတူပီတွင် မဲရုံပေါင်း(၁၅၀)ခု၊ မဲပေးသူဦးရေ (၃၈၀၁၉)ကျော်ရှိပြီး ကြိုတင်မဲ (၇၅၂၈)ဦးရှိကြောင်း သိရပါသည်။ နိုဝင်ဘာလ (၉)ရက်၊ နံနက်(၁၀)နာရီအထိ မဲရုံ(၁၂၆)ရုံမှ မဲပုံးများသာ ရောက်ရှိလာပြီး မဲရုံ(၃၄)ရုံကျန်ရှိနေသေးကြောင်း မတူပီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရပါသည်။ ကျန်ရှိနေသေးသည့် မဲရုံများသည် မဲရုံအမှတ်(၂)မှ (၃၄)ရုံဖြစ်ပြီး လမ်းခရီးအလှမ်းဝေးခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။

 

မတူပီမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီနှင့် တစ်သီးပုဂ္ဂလ (၃)ဦးတို့မှ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)နှင့် ပြည်နယ်လွှတ်တော်မဲ ဆန္ဒနယ် အမှတ်(၂)တို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၈)ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

#MRTV