ကြို့ပင်ကောက်  ၉  နိုဝင်ဘာ

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး၏ ရလဒ်များ ထုတ်ပြန်ကြေညာနိုင်ရေးအတွက် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ အသိအမှတ်ပြုလက်မှတ်ရေးထိုးခြင်းကို  နိုဝင်ဘာ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပပြုလုပ်သည်။

 

 IMG_20201109_1

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး၏ ရလဒ်များ ထုတ်ပြန်ကြေညာနိုင်ရေးအတွက် အသိအမှတ်ပြု လက်မှတ်ရေးထိုးပွဲသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်သန်းနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ ပြည်သူများတက်ရောက်၍ အသိသက်သေပြု လက်မှတ်ရေးထိုးကြသည်။

 

ကြို့ပင်ကောက်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်အတွက် (၆)ပါတီ၊ တိုင်းဒေသကြီး လွှတ်တော် အမှတ်(၁)နှင့် (၂)အတွက် (၆)ပါတီ၊ အမျိုးသားလွှတ်တော်အတွက် (၃)ပါတီ၊ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်အတွက် ကရင်လူမျိုး (၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)

 

 IMG_20201109_103