၉ နိုဝင်ဘာ

 

ဂျပန်နိုင်ငံ မိုးလေဝသဆိုင်ရာ တာဝန်ရှိသူများက အပူပိုင်းမုန်တိုင်း Etau သည် တောင်တရုတ်ပင်လယ်ရေပြင်ပေါ်တွင် ဖြစ်ပေါ်နေသည်ဟု ဆိုသည်။

 

အပူပိုင်းမုန်တိုင်း Etau သည် ဗဟိုလေထုဖိအား ဟတ်တိုပါစကယ် ၉၉၈ ရှိပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၆၅ ကီလိုမီတာခန့်ရှိကြောင်းနှင့် လေပြင်းတိုက်ခတ်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၉၀ ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒအေဂျင်စီက ပြောကြားသည်။

 

လေပြင်းတိုက်ခတ်မှုမှာ တစ်နာရီလျှင် ၅၄ ကီလိုမီတာအထက်ရှိရာမှ အနောက်မြောက်ဘက်သို့ ကီလိုမီတာ ၂၈၀နှင့် ၎င်း၏ဗဟိုချက်မှ အရှေ့တောင်ဘက်သို့ ၁၆၅ ကီလိုမီတာ ဖြင့် တိုက်ခတ်လျက်ရှိသည်။

 

မုန်တိုင်း Etau သည် အနောက်အရပ်သို့ ရွေ့သွားမည်ဟု မျှော်လင့်ရပြီး ဂျပန်နိုင်ငံသို့ တိုက်ရိုက်တိုက်ခတ်ဖွယ်မရှိဟု ထိုအေဂျင်စီ က ဆိုသည်။

 

သို့ရာတွင် ထိုဒေသရှိ ရေကြောင်းသွားလာမှုများ သတိထားကြရန် အေဂျင်စီက တိုက်တွန်းပြောကြားထားသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို