မော်လမြိုင် ၉ နိုဝင်ဘာ
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၉ ရက်နေ့ နေ့လယ်အထိ မွန်ပြည်နယ်အတွင်းရှိ ၁၀ မြို့နယ် မှ မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာ တချို့ မဲစာရင်းရေတွက်လျက်ရှိကြောင်း၊ တချို့နေရာတွင် ရေတွက်ပြီး ပြုစုနေကြောင်း ပြည်နယ်ရွေးကောက်အဖွဲ့ခွဲရုံး မှ သိရသည်။
မဲလက်မှတ်တွေကို နိုဝင်ဘာလ (၈)ရက်နေ့၊ ည ၁၁ နာရီခန့်တွင် တချို့မြို့နယ် ကော်မရှင်ရုံး အနီးရှိ ပုံစံ(၁၆)နှင့် မဲအိတ်များ အပ်နှံရာနေရာ မြန်မာနိုင်ငံ ဆရာဝန်အသင်းခန်းမကို သိမ်းထားလျက်ရှိပြီး ကျန်မဲစာရင်း စောင့်နေသောကြောင့် မဲစာရင်းချုပ် မထုတ်ပြန်ရသေးခြင်းဖြစ်ပါသည်။
မွန်ပြည်နယ် တစ်ပြည်နယ်လုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သော ကိုယ်စားလှယ်လောင်း (၂၅၇)ဦးရှိပြီး နိုင်ငံရေးပါတီ(၁၆)ခု၊ တစ်သီးပုဂ္ဂလိ (၁၁)ဦး၊ မဲရုံစုစုပေါင်း ၉၇၃ ရုံနှင့် မဲဆန္ဒရှင် (၁၈၄၇၇၈၀)ဦးရှိရာ မဲလာပေးသူ အရေအတွက်သည် (၁၀၇၉၂၆၅) ဦးရှိကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၅၈.၁၄ % ဖြစ်ကြောင်း သိရသည်။ မဲစာရင်းအကုန်လုံးကို ညနေပိုင်းတွင် ထုတ်ပြန်နိုင်ရန် ကြိုးစားရေတွက် လုပ်ဆောင်နေကြောင်း၊ မဲ အရှုံး/အနိုင်ကို အတည်ပြု မထုတ်ပြန်ရသေးကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
#MRTV


