ဆီဆိုင် ၉ နိုဝင်ဘာ
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲကြီးတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ မဲရုံအသီးသီး၌ မဲဆန္ဒရှင် ပြည်သူများက မိမိကြိုက်နှစ်သက်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား နံနက် ၆ နာရီမှစ၍ စိတ်ပါဝင်စားစွာဖြင့် ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်တွင် ရပ်ကွက် ၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃ အုပ်စု၊ မဲရုံပေါင်း ၉၃ ရုံဖွင့်လှစ်ထားရှိပြီး မဲပေးနိုင်သည့် မဲဆန္ဒရှင်ဦးရေ စုစုပေါင်း (၁၀၆၁၆၃)ဦးရှိသည့်အနက် ကြိုတင်ဆန္ဒမဲပေးသူ (၁၃၅၄၂)ဦးနှင့် နိုဝင်ဘာ ၈ ရက်နေ့တွင် လာရောက်ဆန္ဒမဲပေးသူ (၆၇၈၆၈)ဦး ရှိရာ စုစုပေါင်းဆန္ဒမဲပေးသူ (၈၁၄၁၀)ဦးဖြစ်ပြီး ဆန္ဒမဲပေးသူ ရာခိုင်နှုန်း (၇၆.၆၈)ဖြစ်ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


