မန္တလေး ၉ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မြိုင်ကြီးကွေ့၊ အတက်လမ်း ညာဘက်ခြမ်းတွင် ယနေ့နံနက် ၇ နာရီ ၃၅ မိနစ်က NISSAN ခဲရောင် (၁၂)ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်ထဲသို့ ပြုတ်ကျတိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြင်ဦးလွင်ခရိုင်/မြို့နယ် မီးသတ်စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဦးစီးဌာနမှ သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ)အား ဖွံ့ဖြိုးရေး ကရုဏာလူမှုကူညီရေး အသင်းယာဉ်ဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Myanmar Fire Service Department