မင်းတပ် ၉  နိုဝင်ဘာ                        

မင်းတပ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။

 

မင်းတပ်မြို့နယ်တွင် မဲရုံပေါင်း(၁၁၆)ရုံနှင့် မဲဆန္ဒရှင်ပေါင်း (၃၀၇၀၆)ဦးရှိကာ နိုဝင်ဘာလ(၇)ရက်အထိ ကြိုတင်မဲပေးသူ (၃၇၉၇)ဦးရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ သိရပါသည်။ မင်းတပ်မြို့နယ်တွင် နိုင်ငံရေးပါတီပေါင်း (၄)ခုနှင့် တစ်သီးပုဂ္ဂလ (၂)ဦးရှိပြီး မဲဆန္ဒနယ်အမှတ်(၁)၊ အမှတ်(၂)တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

 

နိုဝင်ဘာ ၉ ရက် နံနက် ၄ နာရီခွဲခန့်တွင် မင်းတပ်မြို့နယ်ရှိ မဲရုံ(၁၁၆)ရုံမှ မဲပုံးများအားလုံး ရောက်ရှိလာပြီး မဲရလဒ်များကို ရေတွက်ကာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်မှ စိစစ်အတည်ပြုပြီး ခရိုင်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ ဆက်လက်စိစစ်အတည်ပြုကာ ပြည်နယ်ကော်မရှင် အဖွဲ့ခွဲရုံးသို့ ပေးပို့ထားပြီး အတည်ပြုချက် စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း သိရသည်။

#MRTV