၁၀  နိုဝင်ဘာ

 

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ်က အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်နှင့် ဒုတိယသမ္မတ ကာမလာ ဟားရစ်တို့ကို ဝမ်းမြောက်ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

 

ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက ဂူတာရတ်စ်၏ကိုယ်စား ယမန်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ အမေရိကန်နှင့် ကုလသမဂ္ဂအကြား ပူးပေါင်းဆောင်ရွက်မှုသည် ယနေ့ကမ္ဘာကြီး ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် မရှိမဖြစ်လိုအပ်သောမဏ္ဍိုင် တစ်ခုဖြစ်သည်။

 

ပါရီရာသီဉတုပြောင်းလဲရေး သဘောတူညီမှုမှ နုတ်ထွက်သွားခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ထွက်ခွာသွားခဲ့သော သမ္မတထရမ့် လက်အောက်ရှိ အမေရိကန်ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ကမ္ဘာ့အဖွဲ့အစည်းက စိုးရိမ်ခဲ့ကြသည်။

 

ကုလသမဂ္ဂအကြီးအကဲက နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအပေါ် အပြုသဘောဆောင်သော ရပ်တည်ချက်ကိုပြသခဲ့သည့် ဘိုင်ဒင်သည် ကမ္ဘာ့အသိုင်းအဝိုင်းကို ဦးဆောင်မည်ဟု ၎င်း၏ခိုင်မာသော မျှော်လင့်ချက်ကို ဖော်ပြနေသည်။

 

အမေရိကန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဒုတိယ သမ္မတ ဟားရစ်ကို အထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် အမြဲကြိုဆိုကြောင်း ၎င်းပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို