ရှမ်းရွာသစ် ၁၀ နိုဝင်ဘာ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်း သာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီး ရေလာ ကောင်းမွန်စေရေး အတွက် ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူ သွားလာမှုလွွယ်ကူ အဆင်ပြေစေရေးအတွက် လမ်းနှင့်တံတား များကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့မြို့သာယာလှပ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ပိတောက်လမ်း ကျောက်စီရေမြောင်းခင်းခြင်း လုပ်ငန်းကို နိုဝင်ဘာလ ပထမပတ်မှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါအုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းတွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်စံချိန် စံညွှန်းပြည့်မီရေးအတွက် အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ အရှည် (၆၄၀)ပေ၊ အကျယ်(၂)ပေနှင့် ထုထည်အမြင့်(၂)ပေဖြစ်ပြီး ခွင့်ပြုရန်ပုံငွေ ကျပ် (၁၂.၄၀)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဇင်လေး (ပြန်/ဆက်)


