ဘောဂလိ ၁၀  နိုဝင်ဘာ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၌ မိုးစပါးဆင်းသုခ မျိုးသန့် မျိုးစေ့ထုတ် (၁၅)ဧကတွင် တတိယအကြိမ် မျိုးကွဲပယ်ခြင်းနှင့် စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဖြတ်လမ်းကူးကျေးရွာရှိ တောင်သူဦးဝါးနေမူး အပါဝင် တောင်သူ(၈)ဦးပိုင် လယ်မြေတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

တောင်သူဦးဝါးနေမူး အပါဝင် တောင်သူ(၈)ဦးပိုင် လယ်မြေတွင် စိုက်ပျိုးထားသောဆင်းသုခ မျိုးကောင်းမျိုးသန့် မိုးစပါးစံကွက် (၁၅) ဧကအား ရိတ်သိမ်းခဲ့ရာ စပါးအစို အထွက်နှုန်း တစ်ဧကလျှင် (၈၅.၅၀) တင်း ထွက်ရှိပြီး ဆင်းသုခ မျိုးကောင်းမျိုးသန့် စပါးများအား စိုက်ပျိုးရေးဦးစီးဌာန  အနေဖြင့် လာမည့်နှစ် မိုးစပါး စိုက်ပျိုးချိန်တွင် ပြန်လည် ဖြန့်ဝေပေးသွားမည်ဖြစ်သည်။

 

အဆိုပါ ဆင်းသုခမျိုးကောင်းမျိုးသန့် မိုးစပါးစံကွက် ရိတ်သိမ်းပွဲသို့ ဘောဂလိမြို့ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးနေဝင်းနှင့် ဝန်ထမ်းများ၊ တောင်သူများတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဘောဂလိ (ပြန်/ဆက်)