ရေကြည် ၁၀ နိုဝင်ဘာ  

ဧရာဝတီတိုင်းဒေသကြီး   ရေကြည်မြို့နယ်၌ ညဘက်အစာရှာစားသောက်နေသည့်  လင်းဝက်ငှက်များကို   ၈ တောင်လောက်ရှိ ဝါးလုံးဒုတ်ဖြင့်   လိုက်လံရိုက်သတ်ပြီး ရောင်းချလျက်ရှိကြောင်း  ဒေသခံများထံမှ သိရသည်။

 

ဒေသခံများက   “ဒေသအခေါ်  ဒီလင်းဝက်  ငှက်ကလေးတွေက  ညဘက်မှအစာရှာစားတဲ့  ငှက်မျိုးဖြစ်တယ်  ရေကျတဲ့ အချိန်မှာ  ငဝန်တာအပြင်ဘက်နှင့် တာအတွင်းဘက်တွေမှာရှိတဲ့  ရေစပ်ကျင်းနေရာနှင့် အချို့ကုန်းပေါ်နေတဲ့ နေရာမျိုးတွေမှာ ကြွက်တွေငါးတွေကို ရှာစားလေ့ရှိတယ်  ငှက်ရှာတဲ့လူတွေအနေနဲ့ မလုပ်သင့်ဘူးလို့ ထင်မိတယ်   အခုသူတို့ရှာနေတဲ့ နေရာတွေက  မကျည်းလာအုပ်စု၊ပန်းဇံအုပ်စု၊နှောကုန်းအုပ်စုတို့ပိုင်သည့်  ငဝန်တာ  အပြင်ဘက်ရှိ  ကိုင်းကွင်းတွေမှာ  လမိုက်ညတိုင်း  လင်းဝက်ငှက်တွေကို  ရိုက်နေတာဖြစ်တယ် ဟု ဒေသခံများက ပြောသည်။

 

လင်းဝက်ငှက်  ရောင်းသူတစ်ဦးကို မေးကြည့်ရာ  “ကျွန်မကတော့ ဖောက်သယ်ယူရောင်းတာပါ  သူတို့ကိုဘယ်လို ရှာတာလဲ မေးကြည့်တော့   ထီးရိုးဝါး၊ ဝါးဖယောင်း  ခပ်သွယ်သွယ်  ဖြောင့်ဖြောင့်  ၈  တောင်တုတ်ပြုလုပ်ပြီး  လမိုက်ရက်တွေမှာ လိုက်ရိုက်ရတာ  လင်းဝက်ငှက်ကို ရိုက်ရတာ  ခြေသံငြိမ်ရတယ်  ကိုယ်ခြေထောက်ကို  ခြင်ကိုက်နေတာပြန်ရိုက်လို့မရဘူး  အသံကြားတာနဲ့ ထပြန်သွားကြတယ်  ဒီငှက်တွေက  ငါးကောင်တစ်စု  ဆယ်ကောင်အများဆုံး တစ်စုနေတတ်ကြတယ်  ကိုယ်အကြိုက်ဆုံး  ကြီးတဲ့အကောင်ကို ရိုက်ရတယ်  တစ်ခါရိုက်ရင်  နှစ်ကောင်လောက်ရိုက်လို့ရတယ်  လင်းဝက်ငှက်  တစ်ကောင်ကို  ၁၅၀၀  ကျပ်ဖြင့် ရောင်းရကြောင်း ၎င်းက ပြောပြ၍သိရှိရသည်။

ဆန်းတင့်(ရေကြည်)

 

 IMG-518f78e9f2d6ed