၁၀ နိုဝင်ဘာ

 

ကမ္ဘောဒီးယားနိုင်ငံတွင် လာမည့်နေ့များ၌ အပူပိုင်းမုန်တိုင်း နှစ်ခု တိုက်ခတ်မှုနှင့်ကြုံတွေ့ရဖွယ်ရှိကြောင်း ရေအရင်းအမြစ်နှင့်မိုးလေဝသဝန်ကြီးဌာန(MWRM) က ယနေ့သတင်းထုတ်ပြန်ကြေညာခဲ့သည်။

 

အပူပိုင်းမုန်တိုင်း Etau သည် လေဖိအားနည်းရပ်ဝန်းတစ်ခုအဖြစ်အားပျော့မသွားခင် နိုဝင်ဘာ ၁၀ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံအရှေ့ပိုင်းနှင့် ဗီယက်နမ်နိုင်ငံတောင်ပိုင်းကို ဖြတ်ကျော်မည်ဟု ခန့်မှန်းထားကြောင်း MWRM က ပြောကြားခဲ့သည်။

 

Etau မုန်တိုင်းသည် နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် လွင်ပြင်၊ ကုန်းပြင်မြင့်နှင့် ကမ်းရိုးတန်းဒေသများ၌အသင့်အတင့်မှ သည်းထန်စွာ မိုးရွာသွန်းမှုဖြစ်ပေါ်နိုင်ကြောင်း ထပ်လောင်းပြောကြားသည်။

 

အခြားမုန်တိုင်းမှာ ဖိလစ်ပိုင်နိုင်ငံတွင် တိုက်ခတ်ခဲ့သော ဗမ်ကို မုန်တိုင်းဖြစ်ပြီး လေဖိအားနည်းရပ်ဝန်းတစ်ခုအဖြစ် အားပျော့မသွားခင် နိုဝင်ဘာ ၁၅ ရက်နေ့တွင် ဗီယက်နမ်အလယ်ပိုင်းကို တိုက်ခတ်မည်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံတွင် နိုဝင်ဘာ ၁၅ ရက်မှ ၁၇ ရက်နေ့အထိ မိုးဖွဲဖွဲမှ အသင့်အတင့်ရွာသွန်းမည် ဟု MWRM က ဆိုသည်။

 

ကမ်းရိုးတန်းဒေသများတွင် ပင်လယ်လှိုင်းလုံးများ အတန်အသင့်မြင်တက်လာနိုင်ကြောင်း ထိုဝန်ကြီးဌာနက ပြောကြားကာ ဖြစ်နိုင်ချေရှိသော အန္တရာယ်များကို ရှောင်ရှားကြရန် အထူးသဖြင့် နိုးနိုးကြားကြားနေထိုင်ကြရန် ပြည်သူများအား တိုက်တွန်းထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို