၁၀ နိုဝင်ဘာ

 

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၀ ကျော် ရှိသွားကြောင်း တနင်္လာနေ့က ထုတ်ပြန်ချိန်မှာ Pfizer နဲ့ BioNTech ဆေးထုတ်လုပ်ရေးကုမ္ပဏီတို့ကနေ ၉၀ ရာခိုင်နှုန်း အစွမ်းထက်တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေး ထုတ်လုပ်နိုင်ကြောင်း ကြေညာလိုက်ပါတယ်။

 

ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံမှာ ပိုးတွေ့ရှိသူ ၁၀,၀၁၈၂၇၈ ဦး နဲ့ သေဆုံးသူ ၂၃၇,၇၄၂ ဦးရှိကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အများဆုံးနဲ့ ရောဂါပိုးကြောင့် သေဆုံးသူ အများဆုံးနိုင်ငံဖြစ်ပါတယ်။

 

Pfizer နဲ့  BioNTech ဆေးထုတ်လုပ်ရေးကုမ္ပဏီတို့ ထုတ်လုပ်တဲ့ဆေးဟာ အမေရိကန်နိုင်ငံရဲ့ ဗိုင်းရပ်စ်ပိုးကူးစက်မှုကို အပြောင်းအလဲ လုပ်နိုင်မယ့် အရာလို့ မျှော်လင့်ရပါတယ်။

 

MDN

ကိုးကား - AFP