နေပြည်တော် ၁၀ နိုဝင်ဘာ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁)နာရီ၊ (၁၅)မိနစ်၊ (၄၀)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် (၅၈)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မင်းကင်းမြို့၏ တောင်ဘက် (၃)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၈၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၅၀)ဒီဂရီ၊ အနက် (၇၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၃.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

Crd. မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန