လဟယ်   ၁၀    နိုဝင်ဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ  လေရှီး၊ လဟယ်၊ နန်းယွန်း မြို့နယ်များတွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ စုစုပေါင်း ကျပ် ၃၉၅၄ ဒသမ ၆၉၇ သန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

လဟယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် lot(၇)ခုအတွက် ခွင့်ပြုငွေ ကျပ်(၁၁၀၂ ဒသမ ၆၉၉) သန်းဖြင့်လည်းကောင်း၊ လေရှီးမြို့နယ်တွင် lot(၁၀)ခုအတွက် ခွင့်ပြုငွေကျပ် (၁၇၀၂ ဒသမ ၁၁၇) သန်းဖြင့် လည်းကောင်း၊ နန်းယွန်းမြို့နယ်တွင် lot(၅)ခုအတွက် ခွင့်ပြုငွေကျပ် (၁၁၄၉ ဒသမ ၈၈၁) သန်းဖြစ်ပြီး စုစုပေါင်း မြို့နယ်(၃)ခု၌  lot(၂၂)ခုကို  နယ်စပ်ဒေသဖွံ့ဖြိုးရေး တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ စုစုပေါင်း ကျပ် (၃၉၅၄ ဒသမ ၆၉၇) သန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းများတွင် မြေသားလမ်းဖောက်လုပ်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ ကျောက်ချော လမ်းခင်းခြင်း၊ ကတ္တရာ ထပ်ပိုးလွာခင်းခြင်း၊ Box culverts တည်ဆောက်ခြင်း၊ pip culverts တည် ဆောက်ခြင်းနှင့် ကျေးလက်မီးလင်းရေး လုပ်ငန်းများ၊ ပညာရေးအဆောက်အအုံများ စသည့် လုပ်ငန်းများ ပါ၀င်ပြီး ဒေသခံလုပ်ငန်းရှင် ကုမ္ပဏီများက တင်ဒါ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း နာဂဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး(လဟယ်)မှဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်းထံမှ သိရသည်။

 

မွှေးကြူဇင်