ဆိုးလ် ၁၀ နိုဝင်ဘာ
COVID-19 ကူးစက်ရောဂါကာလအတွင်း၌ ပြည်ပနိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့သည် နိုဝင်ဘာ ၁၀ ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ဖြင့် (၃၀)ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ပေးခဲ့သည်။
အဆိုပါလေယာဉ်သည် နိုဝင်ဘာ ၁၀ ရက်တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်မြို့သို့ ၁၆:၀၀ နာရီတွင် ထွက်ခွာခဲ့ပြီး ဂျာမနီနိုင်ငံမှ (၂) ဦး၊ ဘရာဇီးလ် (၂) ဦး၊ တောင်အာဖရိကမှ (၁) ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၁၀) ဦးနှင့် ကိုရီးယားသမ္မတနိုင်ငံမှ (၉၃) ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း (၁၀၈) ဦးတို့ စီးနင်းလိုက်ပါသွားသည်။
အဆိုပါလေယာဉ်ခရီးစဉ်၌ လိုက်ပါသည့် ခရီးသည်များ အခက်အခဲတစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများသည် အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Crd> Ministry of Foreign Affairs Myanmar


