ပုဗ္ဗသီရိ  ၁၀  နိုဝင်ဘာ

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာ၊ ပြည်လုံးချမ်းသာ(နေရောင်ပြအင်း) ဘုရားအနောက်ဘက်ရှိ ဆင်ရတနာရုပ်တုအနီးတွင် နိုဝင်ဘာ ၈ ရက် မွန်းလွဲပိုင်းက လုံးပတ် ၁၀ လက်မခန့်နှင့် အလျား ၈ ပေခန့်ရှိသော စပါးအုံးမြွေတစ်ကောင်တွေ့ရှိ၍ စေတီတော်ဂေါပကအဖွဲ့မှ ထိန်းသိမ်းထားကြောင်း သိရသည်။

"ပြည်လုံးချမ်းသာ (နေရောင်ပြအင်း)စေတီတော် အနောက်ဘက် ဆင်ရတနာရုပ်တုအနီးတွင် စပါးရိတ်နေသူတစ်ဦးမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါစပါးအုံးမြွေအား အန္တရာယ်ပြုကြမည်ကို စိုးရိမ်၍ ထိန်းသိမ်းစောင့်ရှောက်ထား ခြင်းဖြစ်ကြောင်း၊ မြွေစာအဖြစ် ကြက်ဥ၊ နွားနို့များကို တိုက်ကျွေးထားကြောင်းနှင့် စေတီတော်တွင် ဆက်လက် ထိန်းသိမ်းထားရန်၊ မထားရန် မဆုံးဖြတ်ရသေးကြောင်း" စေတီတော်ဂေါပကအဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဆိုပါစပါးအုံးမြွေမှာ အနက်နှင့် အဖြူကွက်ကြားဖြစ်ပြီး လုံးပတ် ၁၀ လက်မခန့်နှင့် အလျား ၈ ပေခန့်ရှိပြီး ဒေသခံပြည်သူများမှ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ကံချွန်(ပြန်/ဆက်)